တာချီလိတ်မြို့ရှိ မြို့နယ်အားကစားကွင်း၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(T.S.D.P)အားကစားနည်း(၈)နည်းပြိုင်ပွဲဖွင့်ပွဲပြုလုပ်

တာချီလိတ်မြို့ရှိ မြို့နယ်အားကစားကွင်း၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(T.S.D.P)အားကစားနည်း(၈)နည်းပြိုင်ပွဲဖွင့်ပွဲပြုလုပ်

ပြည်တော်၊ မတ် - ၂၀

မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (T.S.D.P) အားကစားနည်း (၈) နည်း ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြို့နယ်အားကစားကွင်း၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ် (T.S.D.P) အားကစားနည်း(၈)နည်း ပြိုင်ပွဲကိုဖွင့်လှစ်ပေးပြီး ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ကာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၏ ရိုးရာ အကများဖျော်ဖြေမှုနှင့် အဖွင့်ပွဲစဉ်အဖြစ် ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး(Township Sports Develop ment) အစီအစဉ်အရ တာချီလိတ်မြို့၌ ကျင်းပပြုလုပ်မည့်အားကစားပြိုင်ပွဲ တွင် U-21 ကလပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ၊ ဖူဆယ်(အလွတ်တန်း) ကလပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ၊ မီနီမာရသွန်(၂၀ကီလိုမီတာ)အပြေးပြိုင်ပွဲ၊ (၂)ယောက်တွဲ၊ (၃)ယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကလပ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်(အလွတ် တန်း)ပြိုင်ပွဲ၊ စစ်တုရင်(အလွတ်တန်း)ပြိုင်ပွဲနှင့် စနူကာ(လူသစ်တန်း)ပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။