တာချီလိတ်မြို့အတွင်း အမှိုက်များ ပိတ်ဆို့မှုကြောင့် ရေလျှံမှု ဖြစ်ပေါ်နေသည့် နေရာ များ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများ၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် ဆန်ဆိုင်း(က)ရပ်ကွက်၊ နမ့်ခေါင်းချောင်းပေါ်ရှိ ကွန်ကရစ်ရေကျော်တံတား သည် အမှိုက်များ ပိတ်ဆို့၍ ရေလျှံမှုဖြစ်ပေါ်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်များ ရှင်းလင်းဖယ်ရှားပေးသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ ကဝမြို့နှင့် နတ်သံကွင်းမြို့တို့ရှိ ပြည်သူ့ ဆေးရုံများ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဆေးရုံ ဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီး ရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။