တာချီလိတ်မြို့၌ လူငယ်တစ်ဦးထံမှ Gas   သေနတ်တစ်လက် ဖမ်းဆီးရမိ

တာချီလိတ်  ဧပြီ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့မယ်ခေါင်ရပ်ကွက်ရှိ မဲခေါင်မြစ်ဟိုတယ်ဝင်းအတွင်း၌ လူငယ်တစ်ဦးထံမှ Gas သေနတ် တစ်လက်ကို ယမန်နေ့ည ၁၁ နာရီခွဲက ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းထွန်းအောင်၊ မြို့မရဲစခန်းမှ ဒုတိယရဲအုပ်အောင်ဟန်ထွန်းတို့ ဦးစီးသည့် ရဲတပ် ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မဲခေါင်မြစ် ဟိုတယ်ဝင်းအတွင်းသို့ အမျိုးသားတစ်ဦးက နံပါတ်မပါ Honda Wave-i 125 အနက်ရောင် မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်သွားသည်ကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့် လိုက်လံစစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင် သူမှာ ကောင်းပြည့်စုံဆိုသူဖြစ်ပြီး ၎င်း၏ ဆိုင်ကယ်တူးဘောက်အတွင်းမှ GLOCK အမျိုးအစား အနက်ရောင် Gas သေနတ်တစ်လက်၊ ကျည်အိမ်အတွင်း ထည့်လျက် အကြည်ရောင်ဘောစေ့  ၂၅ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခွင့်ပြုချက်မရှိဘဲ Gas သေနတ်အား  လက်ဝယ် ကိုင်ဆောင်ထားသူ ကောင်းပြည့်စုံကို မြို့မရဲစခန်းက(ပ)၇၈/၂ဝ၂၁၊ ရှမ်း လက်နက် ၁၂(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။