တာဝန်သိ မိဘပြည်သူများက လက်နက်ကိုင်ဆောင်ထားသူတစ်ဦးအား နယ်မြေခံရဲစခန်းသို့ လာရောက်အပ်နှံ 

တာဝန်သိ မိဘပြည်သူများက လက်နက်ကိုင်ဆောင်ထားသူတစ်ဦးအား နယ်မြေခံရဲစခန်းသို့ လာရောက်အပ်နှံ 

နေပြည်တော်၊ မတ် - ၃
    
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်သပြေရပ်ကွက်မှ တာဝန်သိ မိဘ ပြည်သူများက မသင်္ကာဖွယ်ရာ လူတစ်ဦးကို ပွိုင့်-၂၂ လက်နက် ၁ လက်နှင့်အတူ ထောက်ကြန့်နယ်မြေရဲစခန်းသို့ ယနေ့နံနက် ၈ နာရီခန့်တွင် လာရောက်အပ်နှံခဲ့သည်။
    
အဆိုပါလက်နက်နှင့်အတူ လာရောက်အပ်နှံသူအား အသေးစိတ်စစ်ဆေးခဲ့ရာ အမည်၊ ကျော်ရဲအောင် ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် တပ်မတော်အတွင်းသို့ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဉ် ခွင့်မဲ့ပျက်ကွက်ဖြစ်ပွားခဲ့ကာ ၎င်းင်းနယ်မြေအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ထံသို့ ရောက်ရှိခဲ့ပြီး ၎င်းအဖွဲ့ထံတွင် ခေတ္တနေထိုင်ခဲ့ကြောင်း၊ ၎င်းင်းအဖွဲ့အတွင်းနေထိုင်နေစဉ် ဖြစ်စဉ်တွင် ကိုင်ဆောင်ခဲ့သည့် လက်နက်အားခိုးယူ၍ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထွက်ပြေး ခဲ့ကြောင်း၊ ထိုကဲ့သို့ လက်နက်နှင့်အတူ ထွက်ပြေးနေရာမှ ကားကြုံနှင့်လိုက်ပါလာပြီး မင်္ဂလာဒုံ မြို့နယ်၊ အောင်သပြေရပ်ကွက်အတွင်းသို့ ရောက်ရှိခဲ့စဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။