တိုက်စစ်မှူးဟယ်ရီကိန်း အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် ပဉ္စမမြောက် သွင်းဂိုး အများဆုံး ကစားသမားနှင့် သွင်းဂိုးရာခိုင်နှုန်း အများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်နေ

တိုက်စစ်မှူးဟယ်ရီကိန်း အင်္ဂလန်အသင်း သမိုင်းတစ်လျှောက် ပဉ္စမမြောက် သွင်းဂိုး အများဆုံး ကစားသမားနှင့် သွင်းဂိုးရာခိုင်နှုန်း အများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်နေ

အင်္ဂလန်အသင်းနှင့်  စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် ၂ဝ၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ် ကစားခဲ့သည့် ပိုလန်အသင်းနှင့် အင်္ဂလန်အသင်းတို့ ပွဲစဉ်တွင်  အသင်းအတွက်  သွင်းဂိုး တစ်ဂိုးသွင်းယူ နိုင်ပြီးနောက် ပဉ္စမမြောက်သွင်းဂိုး အများဆုံးကစားသမားနှင့် သွင်းဂိုးရာခိုင်နှုန်း အများဆုံး  ကစားသမား အဖြစ်ပါ ရပ်တည်ခဲ့ကြောင်း သိရသည်။

ဟယ်ရီကိန်းသည်  ပိုလန်အသင်းနှင့် ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် အသင်းသမိုင်း တစ်လျှောက် ပဉ္စမမြောက်သွင်းဂိုး အများဆုံးကစား သမားအဖြစ် သွင်းဂိုး ၄ဝ ဖြင့် ရပ်တည်နေသည့် မိုက်ကယ်အိုဝင်၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ် သည်။

ဟယ်ရီကိန်းသည်  သွင်းဂိုးရာခိုင်နှုန်းတွင်လည်း တစ်ပွဲပျမ်းမျှ သုည ဒသမ ၇၇ ရာခိုင်နှုန်းအထိ ရှိပြီး ၎င်း၏အထက်တွင် ရပ်တည်နေသည့် သွင်းဂိုးအများဆုံး ကစားသမားများဖြစ်ကြသည့် ရွန်းနီ၊ ဂယ်ရီလိုင်နီကာ၊  ဘော်လ်ဘီချာတန်နှင့်  ဂျင်မီဂရေ့ဗ်တို့ထက်ပင် သာလွန်နေခြင်းဖြစ်သည်။

အင်္ဂလန်အသင်းသမိုင်းတစ်လျှောက်  သွင်းဂိုး အများဆုံး ကစားသမား ငါးဦးစာရင်းတွင် ရွန်းနီက ၅၃ ဂိုးဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ၎င်း၏နေတွင် ဘော်လ်ဘီချာတန်က ၄၉ ဂိုး၊ ဂယ်ရီလိုင်နီကာက  ၄၈ ဂိုး၊ ဂျင်မီဂရေ့ဗ်က ၄၄ ဂိုးနှင့် ဟယ်ရီကိန်းက ၄၁ ဂိုးဖြင့် အသီးသီးရပ်တည်နေပြီး ဟယ်ရီကိန်း အထက်မှ ကစားသမားများအနေဖြင့် ကစားသမား ဘဝမှ အနားယူသွားပြီဖြစ်သည့်အတွက် လက်ရှိတွင် ရွန်းနီနှင့် ၁၂ ဂိုးသာ ကွာဟနေကြောင်း သိရသည်။