တိုက်စစ်မှူးအောင်ကောင်းမာန် ခွန်ကန်အသင်းအတွက် ဂိုးထပ်မံသွင်းယူ

ရန်ကုန်၊ ဘောလုံး

ခွန်ကန်အသင်း၏ မြန်မာယူ-၂၂ တိုက်စစ်မှူး အောင်ကောင်းမာန်သည် ဆာမက်ဆာခွန်အသင်းနှင့် ယှဉ်ပြိုင် သည့် ပွဲစဉ်တွင် တစ်ဂိုးသွင်းယူခဲ့သည်။  ထိုင်း လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် (၂၃) အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က  ခွန်ကန်အသင်းနှင့် ဆာမက်ဆာခွန်အသင်းတို့ယှဉ်ပြိုင်ရာ ခွန်ကန်အသင်းက ၃ ဂိုး- ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် ယင်းပွဲစဉ်၌ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ပွဲချိန် ၈၃ မိနစ်တွင် ခွန်ကန် အသင်း အတွက်    တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် ဇန်နဝါရီလအတွင်းက ခြေစမ်းပွဲ၌လည်း နှစ်ဂိုးသွင်းယူခဲ့သဖြင့် ယခုနှစ်ရာသီ  ခွန်ကန်အသင်းအတွက် သုံးဂိုးအထိ ဂိုးသွင်းယူနိုင်ခြင်း ဖြစ်သည်။

အောင်ကောင်းမာန်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းမှ ခွန်ကန် အသင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ ခြင်းဖြစ်သည်။

ခွန်ကန်အသင်းတွင် ပွဲထွက်ခွင့်ရရန်နှင့်ဂိုးသွင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေပြီး ကြိုးစားမှုတိုင်းအရာ ထင်လာမည်ဟု ယုံကြည်ကြောင်း အောင်ကောင်းမာန်က လူမှုကွန်ရက်စာမျက်နှာ၌ ရေးသား ဖော်ပြခဲ့သည်။

ခွန်ကန်အသင်းသည်  လက်ရှိ   ထိုင်း လိဂ်-၂ တွင် အမှတ်ပေးဇယားအဆင့် (၂) နေရာ၌ ရပ်တည်နေသည်။    

ကိုရဲ