တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၏ ပခုံးဒဏ်ရာခွဲစိတ်ကုသရန် မဆုံးဖြတ်ရသေးကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအတည်ပြု

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၏ ပခုံးဒဏ်ရာခွဲစိတ်ကုသရန် မဆုံးဖြတ်ရသေးကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအတည်ပြု

မန်ယူအသင်းနည်းပြဆိုးလ်ရှားက   အသင်းမှ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်၏ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသ ရန် အတည်ပြုဆုံးဖြတ်ရခြင်း မရှိသေးကြောင်း ပြော ကြားခဲ့သည်။

ရက်ရှ်ဖို့ဒ်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက တည်းက ပခုံးဒဏ်ရာရရှိနေခြင်းဖြစ်ပြီး ၎င်း၏ဒဏ်ရာကို ခွဲစိတ်ကုသရမည်ဖြစ်သော်လည်း မန်ယူအသင်း နှင့်  အရေးကြီးပွဲစဉ်များ ရှိနေသကဲ့သို့  အင်္ဂလန် အသင်းနှင့် ယူရို ၂၀၂၀ ပြိုင်ပွဲတွင်လည်း ပါဝင်လို သည့်အတွက် ခွဲစိတ်ကုသမှု မပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက ရက်ရှ်ဖို့ဒ်သည် ၎င်း၏ပခုံးဒဏ်ရာ ကို ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီစမတင်မီ ခွဲစိတ်ကုသမှုပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ပါက   အောက်တိုဘာလအထိ  အနည်းဆုံး သုံးလခန့် အနားယူရမည် ဖြစ်သည့်အတွက် လက်ရှိအချိန်ထိ ခွဲစိတ်ကုသမှုမပြုလုပ်သေးဘဲ ကြန့်ကြာ နေခြင်းဖြစ်သည်။

နည်းပြဆိုးလ်ရှားက “သူ့ဒဏ်ရာခွဲစိတ်ကုသဖို့က သူ့အတွက်ရော ကလပ်အသင်းတွက်ပါ စဉ်းစားရမှာပါ။ လက်ရှိအချိန်မှာ ခွဲစိတ်ကုသမှုလုပ်ဦးမှာမဟုတ်ဘဲ  ကျွမ်းကျင်ဆရာဝန် တွေနဲ့  အကောင်းဆုံးဖြစ် နိုင်မယ့်နည်းလမ်းကို ဆွေးနွေးသွားမှာပါ” ဟု ပြော သည်။

ရက်ရှ်ဖို့ဒ်အနေဖြင့် ဒဏ်ရာခွဲစိတ်ကုသမှုခံယူမည် ဆိုပါက ရာသီအစပွဲစဉ်များအပြင် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်များအထိပါ   လွဲချော်ရမည်ဖြစ်သည့်အတွက် နည်းပြဆိုးလ်ရှားက  ၎င်း၏နေရာတွင်အစားထိုးရန် ဝက်စ်ဟမ်းအသင်းသို့ အငှားချခဲ့သည့် လင်ဂတ်ကို ရောင်းချခြင်းမပြုလုပ်ဘဲ  အသင်းတွင်  ဆက်လက် ရှိစေမည်ဖြစ်ကြောင်း သိရသည်။

Ref:90Min