တိုင်းစစ်ဌာနချုပ်များအလိုက် စုပေါင်းမဟာဘုံကထိန်အလှူတော်များပြုလုပ်

တိုင်းစစ်ဌာနချုပ်များအလိုက် စုပေါင်းမဟာဘုံကထိန်အလှူတော်များပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၃

ကထိန်ဆိုသည်မှာ ကထိနဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး ခိုင်ခံ့မြဲမြံခြင်းဟု အဓိပ္ပါယ်ဖော်ဆောင်သည်။ ကထိန်ခင်းသည့် အစဉ်အလာသည် ဗုဒ္ဓဘာသာဝင်များ၏ နှစ်စဉ်ပြုလုပ်သော အစဉ်အလာတစ်ရပ်ဖြစ်ပြီး ကထိန်ပွဲများကို နိုင်ငံအဝှမ်း၌ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့် နေ့အတွင်း ဆင်နွှဲကြသည်။ အလားတူ တပ်မတော်သားများနှင့် မိသားစုဝင်များ ကလည်း မိသားစုဘုံကထိန်ခင်းခြင်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူ ခြင်းတို့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပြုလုပ်ကြသည်။
ထိုသို့ပြုလုပ်ကြရာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗလမင်းထင်ခန်းမ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က သန္တိသုခဓမ္မာရုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က အနော် ရထာခန်းမ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဇေယျာသီရိခန်းမနှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်က ရန်အောင်မြင်ခန်းမတို့၌ မဟာ ဘုံကထိန်အလှူတော်မင်္ဂလာများ အသီးသီးပြုလုပ်ကြရာ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြသည်။
အဆိုပါကထိန်အလှူတော်များတွင် တက်ရောက်လာကြသူများက သံဃာတော် များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ ကထိန် လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ကြပြီး သံဃာ တော်များက ကထိန်အမေးအဖြေများ လျှောက်ထားဖြေကြားခြင်းများ ဆောင်ရွက် ကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တက်ရောက် လာကြသူများက သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းကြသည်။
စုပေါင်းမဟာဘုံကထိန်အလှူတော်များတွင် တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ် များနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ လှူဒါန်းသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ပါဝင်သောပဒေသာပင်များကို သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ ပို့ဆောင်ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။