တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူ နေသူများအား ကြည့်ရှုအားပေး

တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူ နေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် - ၁၇
    
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိတပ်မတော်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နယ်မြေခံဆေးတပ်ရင်းများ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
    
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံများနှင့် ဆေးတပ်ရင်းအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
    
ထို့ပြင် တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့် ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။