တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဒေသခံ ပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံ ကုသ

နေပြည်တော်  ဧပြီ  ၆

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသ ရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့ အထိ ပြင်ပလူနာ ၁၂၁၁၂၄ ဦး၊ အတွင်းလူနာ ၄၄၁၆ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက်  အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၅၆၄၉ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၂၉၅၃ ဦး၊ စုစုပေါင်း ၈၆၀၂ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားလူနာ ၃၀၀၂ ဦးကို ခွဲစိတ်မွေးဖွား ပေးနိုင်ခဲ့ကာ ၄၆၁၂ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၇၆၁၄ ဦးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ထိရောက်စွာ ဆောင် ရွက်နိုင်ရန်အတွက် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကိုဆေးရုံ တင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာ စောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ  နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသနေသော  ဒေသခံပြည်သူများ သွေးလိုအပ်မှုမရှိစေရေးအတွက်  ယနေ့နံနက်ပိုင်းတွင်  မန္တလေးမြို့၊  ရွှေမန်းတံခွန် ပရဟိတ လူမှုကူညီရေးအသင်းမှ စေတနာရှင်သွေးလှူရှင်စုစုပေါင်း ၅၄ ဦးတို့က စုပေါင်းသွေးလှူဒါန်း ကြသည်။ 

အဆိုပါသွေးလှူဒါန်းနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ  သွေးလှူရှင်များအား  စားသောက်ဖွယ်ရာများ  ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)