တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ ဒီဇင်ဘာ - ၅

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ဆေးတစ်လုံးလျှင်(၅)ယောက်ထိုးနိုင်သော Sinopharm ဆေးမြားနှငျ့ ဆေးတစ်လုံးလျှင် (၂)ယောက်ထိုးနိုင်သော Sinovac ဆေးမြားကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်း ကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ သည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေသို့ Sinopharm ဆေး ၁၀၆၀၀ လုံး နှင့် ဆေးထိုးအပ် ၄၈၀၀၀ ချောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ Sinopharm ဆေး ၁၃၅၅၄၉ လုံး၊ Sinovac ဆေး ၃၀၀၀၀၀ လုံးနှင့် ဆေးထိုးအပ် ၉၆၀၀၀၀ ချောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သို့ Sinopharm ဆေး ၅၀၀၀၀ လုံး၊ Sinovac ဆေး ၅၂၅၀၀ လုံးနှင့် ဆေးထိုးအပ်၂၅၆၀၀ ချောင်း၊ ပြည်မြို့သို့ Sinopharm ဆေး ၄၀၀၀၀ လုံး၊ Sinovac ဆေး ၅၂၅၀၀ လုံးနှင့် ဆေးထိုးအပ် ၁၉၂၀၀၀ ချောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ Sinopharm ဆေး ၂၀၀၀၀ လုံး နှင့် ဆေးထိုးအပ် ၇၆၈၀၀ ချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ Sinopharm ဆေး ၉၀၀၀၀ လုံးနှင့် ဆေးထိုးအပ် ၄၈၀၀၀၀ ချောင်းတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမွို့သို့ Sinopharm ဆေး ၁၀၈၀ လုံးနှင့် Sinovac ေဆး ၁၁၃၀ လုံး၊ တီးတိန်မြို့သို့ Sinopharm ေဆး ၆၀၀ လုံးနှင့် Sinovac ေဆး ၂၀၀၀ လုံး၊ တွန်းဇံမြို့သို့ Sinopharm ဆေး ၁၂၀ လုံးနှင့် Sinovac ေဆး ၂၂၀ လုံး ၊ ဖလမ်းမြို့သို့ Sinopharm ေဆး ၂၀၀ လုံးနှင့် Sinovac ေဆး ၃၀၀ လုံး ၊ မတူပီမြို့သို့ Sinopharm ေဆး ၄၅၂ လုံးနှင့် Sinovac ေဆး ၆၈၇ လုံး၊ မင်းတပ်မြို့သို့ Sinopharm ေဆး ၂၀၀ လုံးကို တပ်မတော် လေယာဉ်များဖြင့်လည်းကောင်း ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။