တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ NGOအဖွဲ့များနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအားလေ့လာကြည်ညို

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက် လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ NGOအဖွဲ့များနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအားလေ့လာကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက် လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့်ဇနီးများ၊ အငြိမ်းစား တပ်မတော်အရာရှိကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NGOအဖွဲ့များနှင့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ “မာရဝိဇယ”ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေ အနေ များအား သွားရောက် လေ့လာကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့်ဇနီးများ၊ အငြိမ်းစား တပ်မတော်အရာရှိကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NGOအဖွဲ့များနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များပါဝင်သောလေ့လာရေးအဖွဲ့အား ရှင်းလင်းဆောင်၌ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇော်နိုင်ဦး က ရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများ၏ ဩဝါဒါခံယူ၍ရုပ်ပွားတော်မြတ်ကြီးထွင်းထု ဆောင်ရွက်နေမှု အခြေအနေ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ရန် စကျင်ကျောက် တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ကျောက်တုံးတော်များအားအပိုင်းအလိုက် စကျင်တောင်မှ နေပြည်တော်သို့ ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု အခြေအနေ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language ဖြင့် ရေးထိုးပူဇော်မည့် အခြေအနေ၊ ပလ္လင်တော်များအားခေတ်မီ CNC Machine များဖြင့် ပုံဖော်ထုဆစ်နေမှု အခြေအနေ၊ ဆင်းတုတော်ကြီးတည်ထားမည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများအဆင်ပြေစေရေး အတွက် ဂန္ဓကုဋိတိုက်များ၊ ဓမ္မာရုံများ၊ မော်ကွန်းတိုက် များ၊ သုဓမ္မာဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနှင့် ရေပန်းများကိုရတနာပုံခေတ် မြန်မာ့ အနုပညာလက်ရာစုံလင်စွာဖြင့် ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့သည် ရုပ်ပွားတော်မြတ်ကြီးပုံစံငယ်များ၊ ကျောက် စာနမူနာများနှင့် ပိဋကတ်ကျောက်စာရုံပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီးတည် ထားကိုး ကွယ်မည့် ပုံစံအတိုင်းပြုလုပ်ပုံဖော်ထားသည့် ဥယျာဉ်တော်အကွက်ချပုံစံငယ်များကို ကြည့်ရှုလေ့လာကြပြီး ပလ္လင်တော်များနေရာချထားမှုနှင့် ခေတ်မီစက်များဖြင့် ထုဆစ် နေမှုများကို မော်တော်ယာဉ်ငယ်များဖြင့် လှည့်လည်လေ့လာကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။