တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များ၌ ဈေးများ၊ စတိုးဆိုင်များ ပုံမှန် အတိုင်း ရောင်း/ဝယ် ဖောက်ကားလျက်ရှိ၊ မြန်မာ့စီးပွားရေးဘဏ်များနှင့် ဘဏ်ခွဲ အသီးသီးတို့၏ ဘဏ်လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိ

နေပြည်တော်၊ ဧပြီ - ၁  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ မြို့နယ်များ၌ ဆူပူအကြမ်းဖက်များ လျော့နည်းလာသည့်အတွက် ယနေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အသီးသီးတွင် ဈေးများ၊ စတိုးဆိုင်ခန်းများမှာ မိမိတို့၏မိသားစုစားဝတ်နေရေးအတွက် ပုံမှန်အတိုင်း အေးချမ်းစွာ ရောင်းဝယ်ဖောက်ကားလျက်ရှိကြပြီး မြို့နယ်တစ်ခုနှင့်တစ်ခု ကုန်စည် စီးဆင်းမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြသည်။

ထို့အပြင် မတ် ၃၁ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်များ၊ ဘဏ်ခွဲများ၊ ပုဂ္ဂလိက ဘဏ်များတို့တွင် ဘဏ်လုပ်ငန်းများပုံမှန်အတိုင်း လည်ပတ်လျက်ရှိပြီး နိုင်ငံဝန်ထမ်း များ၊ အငြိမ်းစားဝန်ထမ်းများ၊ ဒေသခံပြည်သူများက လစာများ၊ ငွေကြေးဆိုင်ရာများ ကို လွယ်ကူချောမွေ့စွာ ထုတ်ယူကြကြောင်း သိရှိရသည်။ သက်ဆိုင်ရာ ဘဏ်များ၌ လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။