တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက် လက်ခံကုသ

နေပြည်တော်  ဧပြီ  ၇

တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော် ဆေးရုံများနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ   ယနေ့အထိ ပြင်ပလူနာ ၁၂၄၀၀၀ ဦး၊ အတွင်းလူနာ ၄၄၂၄ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၅၈၀၄ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၃၀၂၃ ဦး၊ စုစုပေါင်း ၈၈၂၇ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းင်းအပြင် ကလေးမီးဖွားလူနာ ၃၀၆၃ ဦးကို ခွဲစိတ်မွေး ဖွားပေးနိုင်ခဲ့ကာ ၄၇၀၈ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၇၇၇၁ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့် များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်ကိုပါ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

(၁၀၀)