တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်
နေပြည်တော် ဧပြီ ၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အဓိကကျသောလုပ်ငန်းစဉ်တစ်ရပ်တွင်ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်း များနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ပို့ ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်အခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် ၁၀ဦးထိုးနိုင်သည့် Covaxin နှင့် Astra Zeneca၊ ဆေးတစ်လုံးလျှင် ၁၁ ဦးထိုးနှံနိုင်သည့် Covishield အမှတ်တံဆိပ် ကာကွယ်ဆေး များကို ယနေ့တွင် ဆက်လက်ပို့ဆောင်ပေးရာ လွိုင်ကော်မြို့သို့ Covishield ၅၀၀ လုံး နှင့် Covaxin ၁၀၀လုံး၊ ကလေးမြို့သို့ Covishield ၂၇၂၈ လုံး၊ လာရှိုးမြို့သို့ Covishield ၁၈၁၈၂ လုံး၊ ကျိုင်းတုံမြို့သို့ Covishield ၄၅၉၁ လုံးနှင့် Astra Zeneca ၂၀၀၀ လုံး၊ စစ်တွေမြို့သို့ Covishield ၁၂၉၄၆ နှင့် Covaxin ၁၁၄၈၄ လုံး၊ သံတွဲမြို့ သို့ Covishield ၃၅၀၁ လုံး နှင့် Covaxin ၅၈၀၉ လုံးနှင့် ဆေးထိုးအပ်များကို တပ်မတော်လေယာဉ်များဖြင့်ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။