တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ နိုဝင်ဘာ - ၆

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများ နှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်း ကြောင်းစံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့ နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် ခန်း၌ ထားရှိသော ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm ဆေးများကို မန္တလေးမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၁၃၂၆၉၅ လုံး၊ နေပြည်တော်ကောင်စီ နယ်မြေသို့ကာကွယ်ဆေးအလုံးပေါင်း ၂၉၅၄၀ လုံး၊ မုံရွာမြို့သို့ကာကွယ်ဆေး အလုံး ပေါင်း ၃၀၈၂၁ လုံး၊ တောင်ကြီးမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၅၂၃၆၀ လုံး၊ ပုသိမ်မြို့သို့ကာကွယ်ဆေးအလုံးပေါင်း ၁၅၈၃၅၃ လုံး၊ မော်လမြိုင်သို့ကာကွယ်ဆေး အလုံးပေါင်း ၄၀၀၀၀၊ မကွေးမြို့သို့ကာကွယ်ဆေးအလုံးပေါင်း ၁၀၀၄၉၂ လုံး၊ ရန်ကုန်တိုင်းဒေသကြီးသို့ ကာကွယ်ဆေးအလုံးပေါင်း ၂၁၇၇၅၇ လုံး၊ပြည်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၄၈၆၄၅ လုံး၊ ပဲခူးတိုင်းဒေသကြီးသို့ ကာကွယ်ဆေး အလုံးပေါင်း ၆၉၃၈၃ လုံး၊ လားရှိုးမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၄၁၀၀၄ လုံး၊ ဘားအံ့မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၄၀၀၀ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။