တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲများပြုလုပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲများပြုလုပ်

 
နေပြည်တော်၊ ဇူလိုင် - ၁၂

 
ယနေ့သည် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)ဖြစ်သည်နှင့်အညီ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဘုရားဖူးကုသိုလ်ယူခြင်း၊ မြတ်စွာ ဘုရားရှင်၏ တရားတော်များ၊ အဆုံးအမများနှင့် ဓမ္မစာပေများကို လေ့လာ ဆည်းပူးခံယူတော်မူလျက်ရှိသည့် သံဃာတော်များ၊ ရှင်သာမဏေများအား ဝါဆို သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းစသည့် ကုသိုလ်ကောင်းမှု များ ပြုလုပ်ကြသည်။
ထိုသို့ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တန့်ယန်းတပ်နယ်၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း ခြင်းကို တန့်ယန်းမြို့ရှိ ဆင်များ ရှင် တောရတပ်ဦးကျောင်းတိုက်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်၏(၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ချမ်းမြေ့ဂုဏ်ဝေ ပရဟိတသာသနာပြုကျောင်းတိုက်၌ လည်း ကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်း၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏(၃၅)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို တိုင်းစစ်ဌနာချုပ်ရှိ သန္တိသုခဓမ္မာရုံ၌လည်းကောင်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းကို တိုင်းစစ်ဌနာချုပ်ရှိ ရတနာသီရိခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ပုသိမ်မြို့ရှိ သာသနာ့ဗိမာန်တော်ကြီးနှင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို တိုင်းစစ်ဌနာချုပ်ရှိ သာသနာ့ဝံသဓမ္မာရုံ၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသ င်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ဟားခါးမြို့၊ ပြည်တော်သာ ရပ်ကွက်ရှိ အတုလဂုဏ်ရည်သာသနာ့ဗိမ္မာန်တော်ကြီး၌ လည်းကောင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို တိုင်းစစ်ဌာနချုပ်ရှိ တိုင်း ဧချမ်းဓမ္မာရုံ၌လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများက သံဃာတော်များအား ဝါဆိုသင်္ကန်း၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ ငါးပါး သီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ် တရားတော် များနာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းကြကြောင်း သတင်းရရှိသည်။