တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၃
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၈ လုံးကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၃၀ လုံးကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသီးသီး သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ မွန်ပြည်နယ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများမှ ပိုးတွေ့လူနာများ အတွက် မော်လမြိုင်မြို့နေ ဦးသောင်းထွန်းနှင့် ဇနီး ဒေါ်နန်းစရို့လင်း မိသားစုက ငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တပ်မတော် ဆေးရုံ၊ ကိုဗစ်စင်တာများ၊ ကျန်းမာရေးဌာနာများ၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် United K M K (Myeik) Co.Ltd က အောက်ဆီဂျင် အိုး ၂၅၀ လုံးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ ပြည်သူ့ ဆေးရုံနှင့် အိုင်သပြုတိုက်နယ်ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ စက်တင်ဘာ ၂ ရက်နှင့် ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်သောက် ရေသန့်စက်ရုံဝန်းအတွင်းရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တည်ဆောက်လျက်ရှိ သော Liquid Oxygen ၃၄ တန်ဆံ့ Tank မှ အောက်ဆီဂျင် ထုတ်လုပ်မည့် စက်ရုံတည်ဆောက်နေမှုအခြေအနေများနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများနှင့် Quarantine Center များသို့ ပေးပို့လှူဒါန်းလျက်ရှိသည့် နေပြည်တော် သောက်ရေသန့်စက်ရုံရှိ ရေသန့်ထုတ်လုပ်မှု အခြေအနေများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့တွင် တစ်ရက်လျှင် အောက်ဆီဂျင်အိုး ၁၂၀ လုံးနှင့် မော်လမြိုင်ကျွန်းမြို့တွင် အောက်ဆီဂျင် အိုး ၁၈၀ လုံး ထုတ်လုပ်နိုင်သည့်စက်များ ရောက်ရှိတပ်ဆင်နေမှုအခြေအနေများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ ရွှေနဂါးစက်သုံး ဆီရောင်း ဝယ်ရေး ဝန်းအတွင်း ဆောက်လုပ်ပြီးစီးပြီး ဖြစ်သည့် ၁ ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၇၀ အိုးခန့် ထွက်ရှိမည့် Oxygen Plant စက်ရုံကိုလည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။