နေပြည်တော် ဇူလိုင် ၁
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင် ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ထိုသို့ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင်လည်း နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျောင်းများအပြင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက COVID-19 စည်းမျဉ်းစည်းကမ်း များနှင့်အညီ တက်ရောက်ပညာ သင်ကြား လျက်ရှိသည်။
ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ၊ ဆရာမ များက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာ သင်ကြားနိုင်ရေး အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်းများ လုံခြုံရေးနှင့် ကျောင်းသား၊ကျောင်းသူများ လုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။