တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပို့ဆောင်

နေပြည်တော်၊ မေ - ၂၈

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူ ၅ ဦးထိုးနှံနိုင်သော Sinopharm နှင့် Myancopharm အမှတ်တံဆိပ် ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ပို့ဆောင်ပေးရာ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့သို့ Sinopharm ၈၄၁၀ လုံးနှင့် ဆေးထိုးအပ် ၈၀၀၀၀ ချောင်း၊ ထားဝယ်မြို့သို့ Sinopharm ၂၃၀၀ လုံးနှင့် ဆေးထိုးအပ် ၇၀၄၀၀ ချောင်း၊ ကော့သောင်းမြို့သို့ Sinopharm ၃၁၂၀ လုံးနှင့် ဆေးထိုးအပ် ၄၈၀၀၀ ချောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ Sinopharm ၅၆၂၆၆ လုံး၊ Myancopharm ၁၅၇၁၄ လုံးနှင့် ဆေးထိုးအပ် ၄၉၉၂၀၀ ချောင်းတို့ကို မြေပြင်အအေးမပြတ်လမ်းကြောင်း Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူး ပေးကြသည်။
အဆိုပါ ကာကွယ်‌ဆေးများနှင့် ဆေးထိုးအပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။