တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

ရန်ကုန် ဧပြီ ၂၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးလုပ်ငန်းများအတွက် အဓိက ကျသော လုပ်ငန်းစဉ်တစ်ရပ်တွင် ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် လူမှုရေးအသင်းအအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အအေးလမ်းကြောင်းမပျက် မော်တော်ယာဉ်ကြီးများဖြင့် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းအတိုင်း ပို့ဆောင် ဖြန့်ဖြူးပေးလျှက်ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုဆေးသိုလှောင်အအေး ခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင်လူ ၁၀ ဦးထိုးနှံနိုင်သည့် Astra Zeneca၊ ဆေးတစ်လုံးလျှင် လူ ၁၁ ဦးထိုးနှံနိုင်သည့် Covishield နှင့် ဆေးတစ်လုံးလျှင် လူ ၁ ဦးထိုးနှံနိုင်သည့် Sinovac အမှတ်တံဆိပ်ကာကွယ်ဆေးများကို ယနေ့တွင် ဆက်လက်ပို့ဆောင်ပေးရာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့သို့ Sinovac ၆၈၄၁၀လုံး၊ ဆေးထိုးအပ် ၆၈၄၀၀ ချောင်း၊ ရှမ်းပြည်နယ်အရှေပိုင်း ကျိူင်းတုံမြို့သို့ Astra Zeneca ၂၀၀၀လုံး၊ Sinovac ၁၆၀၀၀လုံး၊ ဆေးထိုးအပ် ၃၆၀၀၀ ချောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့သို့ Astra Zeneca ၂၀၀၀ လုံး၊ Covishield ၂၇၂၈ လုံး၊ တနသ်ာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ Sinovac ၂၄၁၃၀လုံး၊ ဆေးထိုးအပ် ၂၃၄၀၀ ချောင်း၊ မြိတ်မြို့သို့ Sinovac ၁၅၆၅၀လုံး၊ ဆေးထိုးအပ် ၁၆၂၀၀ ချောင်း၊ ကော့သောင်းမြို့သို့ Sinovac ၅၉၂၀လုံး၊ ဆေးထိုးအပ် ၅၄၀၀ ချောင်း၊ ကယားပြည်နယ် လွှိုင်ကော်မြို့သို့ Sinovac ၃၇၅၀လုံး ဆေးထိုးအပ် ၃၆၀၀ ချောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ Astra Zeneca ၃၄၅၀လုံး၊ Covishield ၅၃၀၇လုံး၊ Sinovac ၇၈၅၇၀လုံး၊ ဆေးထိုးအပ် ၁၄၇၆၀၀ ချောင်း၊ သံတွဲမြို့သို့ Astra Zeneca ၁၉၇၅လုံး၊ Covishield ၅၃၈၇လုံး၊ Sinovac ၂၃၅၉၀လုံး၊ ဆေးထိုးအပ် ၆၃၀၀၀ ချောင်းတို့ကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေး ခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။