တိုင်းရင်းသားလက်နက်ကိုင်အချို့၏ နယ်မြေများသို့ သွားရောက်ဖောက်ခွဲရေး သင်တန်းတက်ရောက်မည့် အကြမ်းဖက်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၈

ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ ထောက်ခံအားပေး သူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေ ရန် ရည်ရွယ်၍ ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်ပြတ်လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဖော်ထုတ်လျက်ရှိရာ ဇွန် ၂ ရက် ည ၉ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့နယ်၊ ပြွန်ဦးကျေးရွာရှိ ဝေနေယျသုခဘုန်းတော်ကြီးကျောင်း အတွင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ဉူးသာသန (လူအမည် ဦးသိန်းထွန်း) ၊ ဉူးနန္ဒဝံသ (လူအမည် ဦးနိုင်လင်းအောင်)၊ စိုးမြင့်ဦး(ဘ) ဦးကျော်လှိုင်၊ မျိုးထက်အောင်(ဘ) ဦးမျိုးတင့်၊ အေးထွန်းအောင်(ဘ) ဦးသန်းတင့်၊ ခန့်ဇေနိုင်(ဘ) ဦးကိုကိုနိုင်၊ မောင်သိန်း(ဘ) ဦးသန်းလွင်၊ ဝင်းဘို(ဘ)ဦးမောင်ကို၊ မြင့်ဌေး(ဘ) ဦးကွန်ငြိမ်း၊ အောင်မြင့်ကျော်(ဘ) ဦးကျော်ရွှေ၊ ဟိန်းငြိမ်းဦး(ဘ) ဦးကွန်ညိမ်း၊ သိုက်ထွန်းအောင်(ဘ) ဦးအောင်ရွှင် တို့အား ဒေသန္တရလက်လုပ် သေနတ် ၁ လက်၊ အင်္ကျီအနက်ရောင် ၃၄ ထည်၊ ဓားမျိုးစုံ ၂၁ ချောင်း၊ ဒီတိုနေတာ ၁၁၅ ခု၊ ဖျူးစ် ၁၂၀ ခု၊ လက်ကိုင်စကားပြောစက် ၃ လုံး၊ Laptop ၁ လုံး၊ NLD တံဆိပ်ပါအလံ၊ အင်္ကျီနှင့် ဦးထုပ်များ၊ ဆေးပစ္စည်းမျိုးစုံ ၁ ထုပ်၊ ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများအား တရားဥပဒေအရ ပြင်းပြင်းထန်ထန် ထိရောက် စွာ အရေးယူနိုင်ရေးနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။