တူမီးသေနတ်များအား အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ မေ ၁၅

၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက် ကိုင်ဆောင်လိုခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒ အလျောက် ၎င်းတို့ထံတွင်ရှိသော လက်လုပ်သေနတ်နှင့် တူမီးသေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိ သူများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထို့သို့အပ်နှံရာတွင်   မေလ ၁၄ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ လက်လုပ်သေနတ် ၄၄ လက်အား လည်းကောင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ တူမီးသေနတ် ၅ လက်အား လည်းကောင်း  ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံလာ ရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်း မရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်နှင့် တူမီးသေနတ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိပါသည်။