တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ - ၅

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်၊ ရေဖြူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နှင့် အင်္ဂပူမြို့နယ်များ အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် လက်လုပ် သေနတ် များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ၄ ရက်တွင် သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာအရေးယူခံရနိုင်ကြောင်း နားလည် သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။

          ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘော ပေါက်ကာ တူမီးသေနတ် ၆ လက်နှင့် လက်လုပ်သေနတ် ၂၄ လက်တို့ကို ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြကြောင်း သတင်းရရှိသည်။