တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ - ၂၁

   တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကော့သောင်းမြို့နယ်၊ ပုလောမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်နှင့် မင်းဘူးမြို့နယ်များ အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ ဧပြီ ၂၀ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်းလင်း ပြောကြားသည်။

  ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘောပေါက်ကာ တူမီးသေနတ် ၁၈ လက်နှင့် လက်လုပ်သေနတ် ၅၄ လက်တို့ကို ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံခဲ့ကြ ကြောင်း သတင်းရရှိသည်။