နေပြည်တော်၊ ဧပြီ - ၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်နှင့် မြိတ်မြို့နယ်များ အတွင်းရှိ ကျေးရွာ အချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင် နေကြောင်း သတင်းအရ မတ် ၃၁ ရက်တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ တပ်နယ် အသီးသီးမှ လုံခြုံရေး တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေး မှူးများနှင့်အတူ သွားရောက်၍ ဒေသခံပြည်သူများကို တရားမဝင် လက်နက်ကိုင် ဆောင်ခြင်းသည် တရားဉပဒေဖြင့် ထိရောက်စွာ အရေးယူခံရနိုင်ကြောင်း နားလည် သဘောပေါက်အောင် ရှင်းလင်းပြောကြားသည်။
ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည်သဘော ပေါက်ကာ တူမီးသေနတ် ၄၀ လက်နှင့် လက်လုပ်သေနတ် ၃၉ လက်တို့ကို ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြသည်။
အလားတူ မတ် ၃၁ ရက်တွင် လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ဆားချက်ကျေးရွာရှိ ဒေသခံပြည်သူများက လက်လုပ်သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများအား ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို၌ လာရောက် အပ်နှံခဲ့ကြကြောင်း သတင်း ရရှိသည်။