တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ ရတနာ့မာန်အောင်ဓမ္မရိပ်သာ၌ တည်ထားကိုးကွယ်တော်မူ သည့် အံတော်စေတီအထက်ဌာပနာပိတ်ပွဲနှင့် မြောက်ဦးဆရာတော်အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာ ပြုလုပ်

တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ ရတနာ့မာန်အောင်ဓမ္မရိပ်သာ၌ တည်ထားကိုးကွယ်တော်မူ သည့် အံတော်စေတီအထက်ဌာပနာပိတ်ပွဲနှင့် မြောက်ဦးဆရာတော်အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာ ပြုလုပ်

နေပြည်တော်၊ မေ - ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ ရတနာ့မာန်အောင်ဓမ္မရိပ်သာ၌ တည်ထားကိုးကွယ်တော်မူသည့် အံတော်စေတီအထက်ဌာပနာပိတ်ပွဲနှင့် နိုင်ငံတော်မှ ဆက်ကပ်သည့် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ် မြောက်ဦးဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဝနဝါသီ ဘဒ္ဒန္တဝါယာမိန္ဒ အား ဂုဏဝိသိဋ္ဌ ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဓမ္မရိပ်သာ၌ ပြုလုပ်ရာ မြောက်ဦးဆရာတော် အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ မြောက်ဦးဆရာတော် အမှူးပြုသော သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဌာပနာတော်များအား ပင့်ဆောင်၍ အံတော် စေတီအထက်ဌာပနာအတွင်းသို့ ထည့်သွင်းပူဇော်ကြသည်။ ထို့နောက် မြောက်ဦး ဆရာတော်က အနေကဇာဘိသံသာရံ အစရှိသော ဉဒါန်းဂါထာတော်ကို လည်းကောင်း၊ ဓမ္မစရိယတက္က သိုလ်နာယကချုပ်(စစ်တွေ)ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တသုစိတ္တာ ဘိဝံသ က ဘုရားရောင်ခြည်တော်ဖွင့်ဂါထာကိုလည်းကောင်း ရွတ်ပွားပူဇော်ကြသည်။
၎င်းနောက် နိုင်ငံတော်မှဆက်ကပ်သည့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြောက်ဦးဆရာတော်ကြီးအား ဂုဏဝိသိဋ္ဌပူဇော်ပွဲကို ဆက်လက် ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မစရိယ တက္ကသိုလ်နာယကချုပ်(စစ်တွေ)ပါမောက္ခချုပ် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အနုမောဒနာတရားနာယူက လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေ များနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။