တောင်ကျချောင်းရေကျဆင်းမှုကြောင့်  ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေကျော်မှုဖြစ်ပေါ် ခဲ့သည့်နေရာများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

တောင်ကျချောင်းရေကျဆင်းမှုကြောင့်  ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရေကျော်မှုဖြစ်ပေါ် ခဲ့သည့်နေရာများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၄
    
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း သြဂုတ် ၂ ရက်မှစတင်၍ မိုး သည်းထန်စွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ အဆက်မပြတ်ကျဆင်းမှုကြောင့် ကြာအင်းဆိပ်ကြီး-ကော့ကရိတ်သွားကားလမ်းပေါ်ရှိ ကြာအင်းကြီးကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၃ နှင့် ၄ အကြား၊ ခရစ်ယာန်သာသနာရေးရုံးနှင့် ကျိုက်ဒုံလမ်းခွဲအကြား၊ ကျိုက်ဒုံလမ်းခွဲနှင့် သုံးတိုင်ရွာအကြား လမ်းမပေါ်နှင့် ကြာအင်းကြီးကျေးရွာမြေနိမ့်ပိုင်းရပ်ကွက်တို့၌ ရေကျော်၊ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါရေကျော်၊ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့်နေရာများသို့ သြဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကြာအင်းဆိပ်ကြီးတပ်နယ်ရှိ တပ်မတော်သား များက ခရီးသွားပြည်သူများနှင့်မော်တော်ယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် ရေဘေးလွတ်ရာသို့ပို့ဆောင်ပေးခြင်းနှင့်လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။