တောင်ကြီးမြို့၊ရှမ်းရိုးမဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်

တောင်ကြီးမြို့၊ရှမ်းရိုးမဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်

နေပြည်တော်၊ မတ် - ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ တိုင်းစစ်ဌာနချုပ်အစီအစဉ်ဖြင့် ဖွင့်လှစ်ထားရှိသော ရှမ်းရိုးမဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါဘော်ဒါဆောင်၌ ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်စားသောက်မှုနှင့် ချက်ပြုတ်ကျွေးမွေးမှုအခြေအနေများအား လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အား တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။