တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးများအား ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး

နေပြည်တော်၊ ဇွန် - ၈

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးများအား ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုး ခန်းမ၌ပြုလုပ်သည်။

ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံမှ ပါရဂူများနှင့် ဆရာဝန်များက ကိုယ်ဝန်ဆောင်မိခင် ၂၀ ဦးနှင့် ကလေး ၇၉ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမြှေးရောင်ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများထိုးနှံ တိုက် ကျွေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး ကိုယ်ဝန်ဆောင် မိခင် များနှင့် ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။