တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော်မြတ်ကြီးနှင့် ဝေါမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီးတို့၌ ဗုဒ္ဓပူဇနိယ ပွဲတော်အထိမ်းအမှတ် သံဃတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ

တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော်မြတ်ကြီးနှင့် ဝေါမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီးတို့၌ ဗုဒ္ဓပူဇနိယ ပွဲတော်အထိမ်းအမှတ် သံဃတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူ

နေပြည်တော်၊ မတ် - ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အောင်မြင်ခြင်းအထိမ်းအမှတ် အဖြစ် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော် ရင်ပြင်တော်ဓမ္မာရုံ၌ ပြုလုပ်သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သာသနမဉ္ဇူကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော သံဃာတော် ၆၃ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၅၀ ပါး တို့က မြတ်စောညီနောင် ညီတော်စေတီတော် စောင်းတန်းတစ်လျှောက် အလှူခံ ကြွရောက်တော်မူကြရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။
အလားတူ ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ကြုံတူစေတီတော် မြတ်ကြီး၏ (၃၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲကို အဆိုပါစေတီတော်မြတ် ကြီး၌ ပြုလုပ်ရာ ဝေါမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘုန်းတော်ကြီး ကျောင်း ၁၆၈ ကျောင်းမှ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပျဉ်ပုံကြီးတပ်နယ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေအသင်းအဖွဲ့များ နှင့် အလှူရှင်များက သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။