တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ် တပ်ရင်း/တပ်ဖွဲ့များ၏ အသက် (၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များ ကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၁

          တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၏ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန် ဆောင်မိခင်များ ကာကွယ်ဆေးတိုက်ကျွေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

          အဆိုပါ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် တောင်ငူ မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံမှ ပါရဂူများနှင့် ဆရာဝန်များက ကိုယ်ဝန်ဆောင် မိခင် ၁၅ ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၈၆)ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ် ဆေး၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။