တောင်အမေရိက ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ ရပ်တည်နေသည့် ပီလီ၏ စံချိန်ကို ကျော်ဖြတ်ပြီး တိုက်စစ်မှူးမက်ဆီ စံချိန်သစ်တင်
၂ဝ၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၁ဝ ရက် နံနက်က အာဂျင်တီးနားအသင်းနှင့် ဘိုလီဗီးယားအသင်းတို့ ကစားသည့်ပွဲစဉ်တွင် အာဂျင်တီးနား အသင်းအတွက် ဟတ်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူး မက်ဆီသည် တောင်အမေရိကဘောလုံးသမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား အဖြစ် ရပ်တည်နေသည့် ပီလီ၏ စံချိန်ကို ကျော်ဖြတ်ပြီး သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် မက်ဆီသည် အာဂျင်တီးနား အသင်းအတွက် ပွဲချိန် ၁၄ မိနစ်၊ ၆၄ မိနစ်နှင့် ၈၈ မိနစ်တို့တွင် သွင်းယူနိုင်ပြီးနောက် အာဂျင်တီးနား အသင်းအတွက် စုစုပေါင်းသွင်းဂိုး ၇၉ ဂိုးအထိ ရှိလာပြီး တောင်အမေရိက ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုး ၇၇ ဂိုးဖြင့် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် ပီလီ၏စံချိန်ကို ကျော်ဖြတ်နိုင်ခြင်းဖြစ်သည်။
မက်ဆီသည် ဘိုလီဗီးယားအသင်းနှင့် ကစားသည့် ပွဲစဉ်တွင် ဟတ်ထရစ်သွင်းဂိုး သွင်းယူနိုင်ပြီးနောက် လက်ရွေးစင်အသင်းနှင့်အတူ စုစုပေါင်း ခုနစ်ကြိမ်မြောက် ဟတ်ထရစ်သွင်းဂိုး သွင်းယူနိုင်ခြင်းဖြစ်ပြီး တောင်အမေရိက ဘောလုံးသမိုင်း တစ်လျှောက်တွင် သွင်းဂိုးအများဆုံး ကစားသမားအပြင် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များတွင် ၂၆ ဂိုးအထိ ရှိလာပြီး ဥရုဂွေးအသင်း တိုက်စစ်မှူး ဆွာရက်ဇ်၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။