တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ -၂၅

တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင်များ၏ သား/သမီး များအတွက် ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် အင်္ဂလိပ်စကားပြောအခြေခံသင်တန်းများဖွင့်ပွဲကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့် အဖွဲ့ဝင်များက သင်တန်းအလိုက် အထောက်အကူပြုပစ္စည်းများ ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ အဆိုပါ အင်္ဂလိပ်စကားပြောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၉၅ ဦး၊ ကွန်ပျူတာသင် တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၆၃ ဦးနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်း သား၊ သင်တန်းသူ ၄၇၀ ဦးတို့ဖြင့် မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။
အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/ တပ်ဖွဲ့များ၌လည်း အဆိုပါသင်တန်းများကို သင်တန်းသား၊ သင်တန်းသူ ၁၈၈၅ ဦးဖြင့် မေ ၆ ရက်အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။