တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ပထမအကြိမ် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများပေးအပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ပထမအကြိမ် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၁၅
    
၂၀၂၀- ၂၀၂၁ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ တပ်မတော်သား မိသားစုဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် စာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် တပ်မတော်သားမိသားစုဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူ ၁၄၁၅ ဦးအတွက် ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အသီးသီးပေးအပ်သည်။
    
အလားတူ မိုင်းခတ်တပ်နယ်မှ တပ်မတော်သား မိသားစုဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူ ၁၄၉ ဦးအတွက် ငွေကျပ် ၁၀ သိန်းကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေးကိရိယာများကို တပ်နယ်မှ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။