တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်လှစ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်လှစ်

 
နေပြည်တော်၊ ဇွန် - ၉

 
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

 
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူ များနှင့်အတူ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေး ကြသည်။

 
အဆိုပါ တိုင်းမှူးဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဇွန် ၁၆ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။