တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲတွင် မိုင်းဆတ်တပ်နယ်ကိုယ် စားပြု(က)အသင်းက တံခွန်စိုက် ဒိုင်းဆုရရှိ

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲတွင် မိုင်းဆတ်တပ်နယ်ကိုယ် စားပြု(က)အသင်းက တံခွန်စိုက် ဒိုင်းဆုရရှိ

နေပြည်တော်၊ စက်တင်ဘာ - ၁၃

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲကို စက်တင်ဘာ ၁၂ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစား ခန်းမ၌ ပြုလုပ်ခဲ့ပြီး တံခွန်စိုက်ဒိုင်းဆုအား မိုင်းဆတ်တပ်နယ်ကိုယ်စားပြု(က)အသင်း က ရရှိသွားကြောင်း သိရှိရသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် ၅၇ ကီလို လူသစ်တန်း၊ ၅၄ ကီလိုတန်း(ဂ)အဆင့်၊ ၅၇ ကီလိုတန်း(ဂ)အဆင့်နှင့် ၇၅ ကီလို တန်း(ခ)အဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အကောင်းဆုံးကစားသမားဆုရရှိကြ သူများ၊ အသင်းလိုက်ပထမဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် တံခွန်စိုက်ဒိုင်းဆု ရရှိသည့် မိုင်းဆတ်တပ်နယ်ကိုယ်စားပြု(က)အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။