ထားဝယ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ မေ - ၃

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှု ထမ်းဟောင်းအိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များကို ယနေ့နေ့လယ်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက် တွေ့ဆုံသည်။

   ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ ထို့နောက် အိမ်ထောင်စု (၆၇)စုအတွက် ဆီ၊ ဆား၊ အာလူး၊ ငါး၊ ဘဲဉ၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့အား တိုင်းမှူးက ပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များက လက်ခံရယူကြသည်။

   ယင်းနောက် နယ်မြေခံ တပ်မတော်ဆေးရုံမှ ဆေးအဖွဲ့များက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများ ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။