ထားဝယ်မြို့နယ်ရှိ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊  မတ် - ၂၈

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ တပ်မတော်သား မိသားစုဝင်များ အတွက်  စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ဦးစွာ ပြည်ထောင်စုဝန်ကြီးက ထားဝယ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝင်ကြီးနှင့် အဖွဲ့ဝင်များက အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့နယ်ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ထားဝယ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။