ထားဝယ်မြို့၌ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ- ၉

ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား ပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သ‌ေင်္ဘာဆိပ် ရပ်ကွက်၊ မင်္ဂလာလမ်း၊ အိမ်အမှတ်(၂၆၆)တွင်နေထိုင်သော ပညာရေးဝန်ထမ်း တစ်ဦးဖြစ်သည့် မြတ်မြတ်အောင်(ဘ)ဦးကျော်မြင့်  သည် ၎င်း၏ လူမှုကွန်ယက်ပေါ် တွင် မဟုတ်မမှန်ရေးသား၍ အခြားပညာရေး ဝန်ထမ်းများအား CDM တွင် ပါဝင် လုပ်ဆောင်လာအောင် စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြမှုများတွင် ကိုယ်တိုင်ပါဝင်ခြင်းများ ဆောင်ရွက်ခဲ့မှုကြောင့် မေ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ဖမ်းဆီး ထိန်းသိမ်းခံရသူအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ထားဝယ် မြို့မရဲစခန်းတွင် (ပ)/၁၅၈/၂၀၂၁ ၊ ရာဇသတ်ကြီးပုဒ်မ၊ ၅၀၅(က)/၅၀၅(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။