ထားဝယ်မြို့ လေယာဉ်ကွင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ထားဝယ်မြို့ လေယာဉ်ကွင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၃
    
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ လေယာဉ်ကွင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ထားဝယ် တပ်နယ်မှ တပ်မတော်သားများက လေယာဉ်ကွင်းပတ်ဝန်းကျင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။