ထားဝယ်-မြိတ် ကားလမ်း ပေါ်၌ ခရီးသည်တင်ယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဖောက်ခွဲတိုက်ခိုက်၊ ယာဉ်မောင်းနှင့် ခရီးသွားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

ထားဝယ်-မြိတ် ကားလမ်း ပေါ်၌ ခရီးသည်တင်ယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဖောက်ခွဲတိုက်ခိုက်၊ ယာဉ်မောင်းနှင့် ခရီးသွားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်၊ စက်တင်ဘာ ၂၁

 

PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ထောင်ကာ ဖောက်ခွဲခြင်း၊ ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ ပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ယာဉ်မောင်း အောင်ဌေး(ခ)မင်းမင်း (ဘ)ဦးအောင်မင်း မောင်းနှင်၍ ယာဉ်နောက်လိုက် ဇော်လွင် (ဘ)ဦးမြင့်လွင် နှင့် ကော့သောင်းမြို့မှ ခရီးသည် ကျား ၄ ဦး၊ မ ၁ ဦး၊ ပေါင်း ၅ ဦး လိုက်ပါလာသည့် ယူတင်အိုအေစစ်အမည်ရှိ ခရီးသည်တင် Townace အမျိုးအစား ယာဉ်အား ထားဝယ်-မြိတ် ကားလမ်း မိုင်တိုင်အမှတ် ၁၀၂ နှင့် ၁၀၃ အကြားတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ယာဉ်အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်ဌေးနှင့် ခရီးသည် မခက်ခက်လှိုင်(ဘ) ဦးတင်ဝင်း တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိသည်။
အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်တွင် သွားလာ လျက်ရှိသည့် ယာဉ်များအား အကြောင်းမဲ့ မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက် မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံ ရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။