ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်း အားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

 

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်း အားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

 

ရန်ကုန်  စက်တင်ဘာ  ၉

    ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၈ ရက်အထိကျင်းပခဲ့သည့်  (၃၇)ကြိမ်မြောက်   ထိုင်းဘုရင့်ဖလား  ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ ပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ယနေ့ည ၁၀ နာရီတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

အောင်ပွဲရမြန်မာအားကစား အဖွဲ့အား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးရဲထွဋ်တင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုး များနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။   

Dates: 
Tuesday, September 10, 2024 - 04:45