ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာအနီး၌ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်စုဝေး ရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ချေမှုန်းတိုက်ခိုက်

ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာအနီး၌ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်စုဝေး ရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ချေမှုန်းတိုက်ခိုက်

 
နေပြည်တော်၊ မေ - ၁၀

 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ဒေသခံပြည်သူလူထုများအား လက်နက်ကိုင်အကြမ်းဖက်ခြင်းများဖြင့် ၎င်းတို့အပေါ် ထောက်ခံအားပေးလာစေရန် အကြောက်တရားဖြင့်ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခံ ခြင်းများနှင့် ၎င်းတို့အပေါ် ထောက်ခံမှုမရှိသူများအား ဒလန်ဟုစွပ်စွဲ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် ဒေသခံပြည်သူလူထုတို့ဘေးကင်းလုံခြုံစွာဖြင့် နေထိုင်နိုင်ရေး၊ တရား ဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးတာဝန်များ ကို တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ပြည်သူလူထုဖြင့် ပူးပေါင်း၍ နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ထီးချိုင့်မြို့နယ်အတွင်း နယ်မြေ စိုးမိုးရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေ ၉ ရက် ညနေ ၆ နာရီခန့်တွင် မရသိမ်ကျေးရွာ အနီးသို့အရောက် ရွာအတွင်းစာသင်ကျောင်း နှင့် လူနေအိမ်များအား အကာအကွယ်ရယူ၍ PDF အမည်ခံအကြမ်းဖက်သမားများက စတင်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ သည် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများထံမှ အလောင်းအချို့၊ လက်နက်မျိုးစုံ ၁၀ လက်၊ လက်ပစ်ဗုံးမျိုးစုံ ၂၆ လုံးနှင့် ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းမျိုးစုံကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်တွင်လည်း မရသိမ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း စခန်းချ အခြေပြုအကာအကွယ်ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန် ပြင်ဆင် နေကြောင်း ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့က ကျေးရွာ အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြား သတင်း ပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက် တိုက်ခိုက်ချေမှုန်းခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများအနေဖြင့် စာသင်ကျောင်း အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များ ကာရံခြင်း၊ မိုင်းများ ထောင် ထားခြင်း၊ သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊ အကြမ်းဖက်လေ့ကျင့်ရေးကွင်း များ ဖောက်လုပ်ခြင်းများပြုလုပ်ကာ စာသင်ကျောင်းအား အခိုင်အမာ စခန်းတည် ဆောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုတင်ကြံစည်နေမှုကို တား ဆီးနိုင်ခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်အပ်ပါသည်။