ထီးလင်းမြို့ပေါ်သို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်၊ ပြည်သူများ၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံး

ထီးလင်းမြို့ပေါ်သို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်၊ ပြည်သူများ၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံး

နေပြည်တော်၊ ဇွန် ၂၇

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတား များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၆ ရက် ည ၉ နာရီခန့်တွင် PDF အမည်ခံ အကြမ်း ဖက်သမားများက မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၏ အနောက်မြောက်ဘက် တစ်မိုင်ခန့် အကွာရှိ တောစပ်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ထီးလင်းမြို့အတွင်းသို့ ပစ်ခတ်ခဲ့ရာ အမှတ် (၂)ရပ်ကွက်အတွင်း၊ အခြေခံပညာအထက်တန်ကျောင်းအနောက်ဘက်နှင့် အမှတ်(၁)ရပ်ကွက်ရှိ ဦးအောင်သန်းဝင်း၏ နေအိမ်ပေါ်သို့ ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးအောင်သန်းဝင်း၊ ၎င်း၏ဇနီး ဒေါ်ကြည်တင်နှင့် သမီးဖြစ်သူ မယမင်းအိတို့တွင် ဗုံးစထိမှန်ဒဏ်ရာ များ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ထီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် ၎င်းတို့ ၃ ဦးမှာ ရရှိထား သည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ရွာများအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ကာ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိသေဆုံးစေခဲ့သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။