ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား COVID- 19 ရောဂါကာကွယ်ဆေးထိုးနှံ

နေပြည်တော်  ဧပြီ  ၆

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား COVID- 19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကိုဆောင် ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကလောမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ ကြံခင်းမြို့၊ ပန်းတနော်မြို့၊ ကျိုက်လတ်မြို့နှင့် မြောင်းမြမြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့အတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ တပ်မတော်သားပါရဂူများ၊ ဆရာဝန် များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အတူပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID- 19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။     

  (၁၀၀)