ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

 

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ မတ် - ၁၆
    
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား  COVID-19 ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။
    
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၁၅ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် လောက်ကိုင်မြို့အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ဟိုပုံးမြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ပင်လောင်း မြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့၊ လင်းခေးမြို့၊ ကွန်ဟိန်းမြို့၊ မိုးနဲမြို့၊ မောက်မယ်မြို့၊ လွိုင်လင်မြို့၊ နမ့်စန်မြို့၊ ကျိုင်းတောင်းမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြိုနယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့၊ မိုင်းဖြတ်မြို့နှင့် မိုင်းခတ်မြို့များ အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တိုက်ကြီး မြို့နယ်၊ လှည်းကူးမြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊  မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက ဃီြ တွင်ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး Covid-19  ရောဂါကာ ကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။