နေပြည်တော်၊ ဧပြီ - ၂၆
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား Covid- 19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့၊ ညောင်ရွှေမြို့၊ ကလောမြို့၊ ဖယ်ခုံမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့၊ ရွာငံမြို့၊ ပင်းတယမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့နှင့် မိုင်းပန်မြို့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ ကြံခင်းမြို့နှင့်ညောင်တုန်းမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနင့် ဒေသခံတိုင်ရင်းသား ပြည်သူများအား သတ်မှတ်နေရာအသီးသီး၌ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အတူပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး Covid- 19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။