ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အား Covid- 19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ ဧပြီ - ၂၇

     တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား Covid- 19 ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

    ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့၊ ညောင်ရွှေမြို့၊ ကလောမြို့၊ ဖယ်ခုံမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ပင်လောင်းမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဘောလခဲမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ ပန်းတနော်မြို့၊ အင်္ဂပူမြို့၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနင့် ဒေသခံတိုင်ရင်းသား ပြည်သူများအား သတ်မှတ် နေရာအသီးသီး၌ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အတူပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး Covid- 19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

    ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်း များနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။