ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား COVID- 19  ရောဂါကာကွယ်ဆေး ထိုးနှံ

နေပြည်တော်  မေ  ၄

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ    ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး  အသက်(၆၅)နှစ် အထက်သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်    တိုင်းရင်းသား ပြည်သူများအား COVID- 19 ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်    ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့်    ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးမြို့၊ ရွှေညောင်မြို့၊    ကလောမြို့၊   ဖယ်ခုံမြို့၊ ဟိုပုံးမြို့၊   ဆီဆိုင်မြို့၊  ပင်လောင်းမြို့၊ ကယားပြည်နယ်၊  လွိုင်ကော်မြို့၊  မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့်ပဲခူးတိုင်းဒေသကြီး၊   တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ  ထေရ်ကြီးဝါကြီး  ဆရာတော်ကြီးများ၊  သာသနာနွယ်ဝင် သီလရှင်များနှင့်    ဒေသခံ တိုင်းရင်းသားပြည်သူများအား   သတ်မှတ်နေရာ အသီးသီး၌ တပ်မတော်သားပါရဂူများ၊  ဆရာဝန်များနှင့် သူနာပြုများပါဝင်သော   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ    ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID- 19ရောဂါ    ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း   သတင်းရရှိသည်။